Skyrim ရဲ့ Console Command များ

Bethesda ကထုတ်တဲ့ Game တွေမှာ Cheat လုပ်ဖို့ရင် တခြား program တွေဒေါင်းစရာမလိုပဲ Developer Console Command တွေပေးထားပါတယ်။ အဲ့ဒါတွေကို အသုံးပြုပြီး ဂိမ်းကိုလွယ်ကူအောင် ကစားနိုင်မှာဖြစ်ပါတယ်။

(Tide key ဆိုတဲ့ Tab ရဲ့အပေါ်က လှိုင်းပုံလေး) ကိုနိုပ်ပြီး Command တွေရိုက်ထည့်နိုင်ပါတယ်။

အောက်ကဇယားမှာတော့ အသုံးအများဆုံး Command တွေဖြစ်ပါတယ်

TGMGod Mode on / off လုပ်တာပါ
(stamina / magicka တွေမကုန်တော့ပါ)
TCLclipping on / off
(လေပေါ်ပျံ ပြီး နံရံတွေဖောက်သွားလို့ရပါမယ်)
tmm (Toggle Map Marker)မြေပုံပေါ်က စခန်းတွေအားလုံးကိုပြပေးတာပါ။
ဥပမာ။ tmm 1,0,1
1 = ဖွင့်မယ် ( 0 ဆိုရင် ပိတ်မယ်)
0 = Fast Travel လုပ်လို့မရဖူး ( 1 ဆိုရင်ရမယ်)
1 = စခန်းအားလုံးပြမယ် (0 ဆိုမပြဖူး)
TDetectAI Detection မဖြစ်အောင် မသိအောင် လုပ်လို့ရပါတယ်
(ဒါပေမယ့် pickpocketing လုပ်နေချိန်မရပါဖူး)
TAIAI (မတိုက်ခိုက်နိုင်) တွေ ကို ရပ်အောင် on / off လုပ်တာပါ
TCAIAI တွေ ကိုယ့်ကို မတိုက်ခိုက်အောင် on / off လုပ်တာပါ
ModAV carryweight [#]carry weight ကိုပြောင်းလဲနိုင်ပါတယ်
Player.AddItem [item ID] [#]ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို Item code နဲ့ရယူနိုင်ပါမယ်။
ဥပမာ။ player.additem f 100 ဆို ရွှေဒင်္ဂါး100 ရမှာပါ
items ID တွေကို ဒီမှာ ကြည့်လို့ရပါတယ်။
Player.SetLevel [#]Player Level ကိုပြောင်းလဲပေးမှာပါ
Player.AddPerk [perk ID]ကိုယ်လိုချင်တဲ့ perk ကိုရယူနိုင်ပါတယ်။

Command အသေးစိတ်တွေကိုတော့ ဒီလင့် မှာလေ့လာနိုင်ပါတယ်။

အဆင်မပြေတာတွေရှိရင်လဲ Let’s Play Games Facebook Page ကဆက်သွယ်မေးမြန်းနိုင်ပါတယ်။