- နှင်းလူသား ဝတ်စုံကို GTA Online မှာ Christmas ကာလမှာပဲရယူနိုင်မှာပါ
- Raton Cayon and Chiliad Mountain နား ကတောထဲမှာ သဲလွန်စ ၅ နေရာကိုစူးစမ်းလေ့လာပြီးစတင်ရမှာဖြစ်ပါတယ်
- နှင်းလူသား ဟာ GTA Online အချိန် ည ၉ နာရီနဲ့ မနက် ၆ နာရီအတွင်းမှာသာရှာတွေ့နိုင်ပါမယ်
- နှင်းလူသား ကိုသတ်ပြီးရင်တော့ Yeti ဝတ်စုံ and 5,000 RP and $100,000 တို့ကို ရရှိမှာဖြစ်ပါတယ်။
သဲလွန်စတွေကို ဘယ်လိုစရှာရမလဲ?
Raton Canyon and Chiliad Mountain State Wilderness နားကိုအရင်သွားရပါမယ်။ အဲ့နားရောက်တာနဲ့ Tanner ဆီကနေ အဲနေရာတဝိုက်မှာ ဘယ်မှန်းမသိတဲ့ သားရဲတစ်ကောင် သောင်းကျန်းနေတယ်ဆိုတဲ့ message ဝင်လာပါလိမ့်မယ်။
စာဝင်လာပြီးတာနဲ့ စက်ဝိုင်းအဖြူရောင်နဲ့နေရာတစ်ခုမှာ ? နဲ့ပေါ်လာပါမယ်။ အဲ့ထဲမှာ သဲလွန်စတွေကိုစရှာရပါမယ်။
သဲလွန်စ(၁)
ပထမဆုံးသဲလွန်စအနေနဲ့ အောက်ကပုံက နေရာမှာ လက်သဲနဲ့အကုတ်ခံရပြီး သေဆုံးနေတဲ့ သမင်တစ်ကောင်ကိုတွေ့ရမှာဖြစ်ပါတယ်။
သဲလွန်စ(၂)
ဒုတိယသဲလွန်စအနေနဲ့ သေဆုံးထားတဲ့ လူတစ်ယောက်ရဲ့အစိတ်အပိုင်းတွေကို သစ်ပင်အကျိုးနားမှာတွေ့ရမှာဖြစ်ပါတယ်။
သဲလွန်စ(၃)
တတိယ သဲလွန်စကတော့ တံတားနားက မှောက်ထားတဲ့ကားတစ်စီးပဲဖြစ်ပါတယ်
သဲလွန်စ(၄)
စတုထ္ထသဲလွန်စကတော့ ရေဆိုးမြောင်းပေါက်နားက စုတ်ပြဲနေတဲ့ အင်္ကျီနဲ့ ကားပျက်ပဲဖြစ်ပါတယ်
သဲလွန်စ(၅)
နောက်ဆုံး သဲလွန်စကတော့ တောင်ဂမူပေါ်က သွေးတွေစွန်းနေတဲ့ ခရီးဆောင်ညအိပ်တဲလေးဖြစ်ပါတယ်
နှင်းလူသားဘယ်လိုပေါ်လာမလဲ
အပေါ်က သဲလွန်စ ၅ ခုလုံးရှာဖွေတွေ့ရှိပြီးသွားတာနဲ့ သတ်မှတ်ထားတဲ့ အဖြူရောင်စက်ဝိုင်းအတွင်းမှာ နေနေရမှာဖြစ်ပြီး GTA Online အချိန် ည ၉ နာရီနဲ့ မနက် ၆ နာရီကြားမှာပေါ်ထွက်လာမှာဖြစ်ပါတယ်။
အကယ်လို့ သင်ကအဲ့အချိန်အတွင်းမှာမဟုတ်ခဲ့ရင်တော့ ညမှပြန်လာရှာပါဆိုတဲ့ အကြောင်းကြားချက်ကိုရရှိမှာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သဲလွန်စ ၅ ခုလုံးတွေ့ခဲ့ရင်တော့ မြေပုံပေါ်မှာ အနီရောင် အရိုးခေါင်းပုံနဲ့ နှင်းလူသားဟာ ချက်ခြင်းပေါ်ထွက်လာမှာဖြစ်ပါတယ်။
နှင်းလူသားဟာ အတော်သန်မာတဲ့အပြင် မြန်ဆန်တဲ့အတွက် shotgun, RPG, minigun တို့လိုမျိုးတွေကိုအသုံးပြုဖို့အကြံပေးပါတယ်
အကယ်လိုသင်ဟာ နှင်းလူသားအသတ်ခံလိုက်ရရင်လဲ စိတ်မပူပါနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာပဲ အနည်းငယ်လှည့်ပတ်သွားနေရုံဖြင့် ပြန်လည်ပေါ်လာပြီးတိုက်ခိုက်မှာဖြစ်ပါတယ်။
နှင်းလူသားကို သုတ်သင်ပြီးရင် ဘာဆုတွေရမလဲ?
အပေါ်မှာဖော်ပြခဲ့သလို နှင်းလူသား ကိုသတ်ပြီးရင်တော့ Yeti ဝတ်စုံ and 5,000 RP and $100,000 တို့ကို ရရှိမှာဖြစ်ပါတယ်။
Yeti Outfit ကိုတော့ မိမိ အဝတ်ဗိဒိုထဲက Outfits: Festive category of Outfits မှာရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။