အမိုက်စား Free Game တွေပေးနေတဲ့ Epic Games ကိုတော့ မြန်မာ Gamer တော်တော်များများသိပြီးဖြစ်မှာပါ။ မကြာခင်ကမှ Epic Games က GOG Galaxy 2.0 နဲ့တရားဝင်ချိတ်ဆက်လိုက်ပါပြီလို့ကြေငြာလိုက်ပါတယ်။ ဒီလိုချိတ်ဆက်လိုက်တဲ့အတွက် ဘာတွေထူးခြားလာမှာလဲ?
GOG Galaxy 2.0 ဆိုတာဘာလဲ?
ယခုခေတ်မှာ ထွက်ရှိတဲ့ Game တွေတော်တော်များများဟာ မတူညီတဲ့ Game Stores တွေပေါ်မှာ ရောင်းချကြတဲ့အတွက် Gamer တွေဟာကိုယ်ကြိုက်ဂိမ်းတွေကစားဖို့ မတူညီတဲ့ ဂိမ်း Client တွေကိုသွင်းထားရပါတယ်။ ဉပမာအားဖြင့် Steam, Battle.net, Epic Games, စသည့်ဖြင့်ပေါ့။ အဲ့အတွက် စက်ဖွင့်တာနဲ့ လိုလိုမလိုလို အဲ့ Game Client အတွေအကုန်ဖွင့်ထားရပါမယ် နောက် Game တွေကစားတဲ့အခါလဲ တစ်မျိုးဝင်လိုက် တစ်မျိုးထွက်လိုက်နဲ့ ပြောင်းရပါပေးတယ်။
GOG Galaxy 2.0 ကတော့ အဲ့ဒုက္ခတွေကနေကင်းဝေးအောင် Game Client တွေအားလုံးကို ချိတ်ဆက်ပြီး တစ်နေရာထဲကနေအသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ကိုယ်က ကိုယ့် Game Client တွေကိုချိတ်ဆက်ထားမယ်ဆိုရင် GOG မှာ ကိုယ့် ချိတ်ဆက်ထားတဲ့ Game Client က Games တွေနဲ့ Friend တွေကို အလွယ်တကူကြည့်နိုင်အောင် တစ်စုတစ်စည်းထဲဖော်ပြပေးထားမှာဖြစ်ပါတယ်။ ကိုယ်ကစားချင်တဲ့ Game ကိုနိုပ်ပြီး Play လိုက်တာနဲ့ သက်ဆိုင်ရာ Game Client ကို Auto ဖွင့်ပြီး ကစားနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
အကယ်၍ ကိုယ်က ဂိမ်းအသစ်ဝယ်တာတို့ Friend အသစ်ထည့်တာတို့လုပ်ဆောင်မယ်ဆိုရင်တော့ သက်ဆိုင်ရာ Game Client ကိုပဲဖွင့်ပြီးလုပ်ဆောင်ရအုံးမှာဖြစ်ပါတယ်။ GOG Galaxy 2.0 မှာတော့ တိုက်ရိုက်လုပ်ဆောင်နိုင်မှာမဟုတ်သေးပါဘူး။
အောက်က GOG Galaxy 2.0 ကြေငြာ Video လေးကိုကြည့်လိုက်ရင်တော့ ပိုရှင်းသွားပါလိမ့်မယ်။