BioWare မှ ဝါရင့် developer တစ်ဦးက Mass Effect 5 ကို ကြေညာခဲ့ပြီးနောက် ငါးနှစ်ကြာသည့်တိုင်အောင် အပ်ဒိတ်အသစ်များ ထွက်ပေါ်မလာရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။
Mass Effect 5 နှင့် ပတ်သက်သည့် နောက်ဆုံးသတင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလက ထွက်ပေါ်ခဲ့သော concept art တစ်ခုသာဖြစ်ပြီး၊ ထိုအချိန်မှစ၍ ဝန်ထမ်းခေါ်ယူမှု ကြော်ငြာတစ်ခုမှအပ ကျန်ရှိသည့် အချိန်များတွင် သတင်းများ တိတ်ဆိတ်နေခဲ့သည်။ ယခုအခါ Mass Effect franchise ၏ အကြီးအကဲဖြစ်သူ Mike Gamble က သူတို့အဖွဲ့သားများမှာ အလုပ်များနေသဖြင့် ပရိသတ်များကို သတင်းစကားအသစ်များ ပေးနိုင်ရန် အချိန်မရသေးကြောင်း ဖြေကြားခဲ့သည်။
BioWare သည် ၂၀၂၀ ပြည့်နှစ်တွင် Mass Effect 5 ကို ဖန်တီးမည်ဟု ကတိပြုခဲ့သော်လည်း ထိုအချိန်တွင် Dragon Age: The Veilguard ကို အဓိကထား လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် Dragon Age ထွက်ရှိပြီးနောက် BioWare သည် ဝန်ထမ်းအင်အား လျှော့ချမှုများ ပြုလုပ်ခဲ့သော်လည်း Mass Effect 5 မှာ အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွင်သာ ရှိနေသေးသဖြင့် ဝန်ထမ်းအင်အား အများအပြား မလိုအပ်သေးခြင်း ဖြစ်သည်ဟု ကုမ္ပဏီက ရှင်းပြထားသည်။
Mass Effect 5 သည် Mass Effect 3 ပြီးနောက် နှစ်ပေါင်း ရာနှင့်ချီသည့် အနာဂတ်ကာလကို အခြေခံထားမည်ဖြစ်ပြီး Milky Way ဂလက်ဆီတွင် ဇာတ်အိမ်တည်ထားမည်ဖြစ်သည်။ ပရိသတ်အကြိုက် Liara နှင့် Geth ဇာတ်ကောင်များ ပြန်လည်ပါဝင်လာမည် ဖြစ်သလို၊ ဂိမ်း၏ နာမည်ကျော် Romance စနစ်နှင့် Paragon/Renegade စနစ်တို့လည်း ပြန်လည်ပါဝင်လာမည်ဟု သိရသည်။ ပရိသတ်များကတော့ ၂၀၂၆ ခုနှစ်တွင် ဂိမ်းနှင့် ပတ်သက်သည့် တရားဝင် သတင်းအချက်အလက်များကို ပိုမိုမြင်တွေ့ရရန် မျှော်လင့်နေကြသည်။
ရှင်းလင်းချက် အတည်ပြုရင်းမြစ်များ –